စာပေအားဖြင့် အမှုတော်မြတ်ကို ထမ်းဆောင်နေသူ တဦးဖြစ်သော၊ မြန်မာနိုင်ငံ ခရစ်ယာန်စာပေလောကတွင် အခက်အခဲပေါင်း များစွာထဲမှ ရုန်းကန် လှုပ်ရှားနေသော ဘာသာပြန် ခရစ်ယာန် စာရေးဆရာ “ဆရာတီအီးပေါင်” ကို ချင်းပြည်သူများနှင့် မိတ်ဆက်ပေးနိုင်ရန်အတွက် Chin World ( www.chinworld.info) မှ တွေ့ဆုံမေးမြန်း စကားစမြည်ပြောခွင့် ရရှိ ခဲ့ပါသည်၊ “သခင်ယေရှုနှင့် စကားပြောခြင်း” ဟူသော သူ့စာအုပ်သည် ခရစ်ယာန်အသိုင်းအ၀န်းတွင် လူကြိုက်များလှသည်၊ သူ. ကိုယ်ပိုင်ဝက်ဘ်ဆိုက်ဖြစ်သော http://tepau.info တွင်လည်း သွားရောက်လည်ပတ်လေ့လာနိုင်ပါသည်။
ခရစ်ယာန်စာပေ- စာရေးဆရာ T.E.Pau နှင့် စကားပြောခြင်း
May 26th, 2011
T E Pau ရှုံးနိမ့်ခြင်းမှ ဘယ်သို့အောင်မြင်နိုင်မလဲ
April 30th, 2011
T E Pau
ရှုံးနိမ့်ခြင်းဟာ အောင်မြင်ဖို့ အတွက် ခြေတစ်လှမ်း ဖြစ်တတ်ပါ တယ်။ လုကာ ၅း၁- ၁၁ မှာ ပေတရုရဲ့အသက်တာမှာ ဒီမှန်ကန်မှုကိုတွေ့မြင်ရပါ တယ်။ အဲဒီမှာ ပေတရုနှင့် သူ့အပေါင်းအဖော်တွေဟာ တစ်ညလုံး ငါးဖမ်းကြတယ်။ ဒါပေမဲ့ တကောင်တလေမျှ မဖမ်းရရှာပါဘူး။ ပေတရုလို ကျွမ်းကျင်တံငါသည် တစ်ဦးအဖို့ ဒီလို ငါးမဖမ်းရပဲ နေတယ်ဆို တာ ဖြစ်ခဲတဲ့ကိစ္စပါပဲ။ အတွေ့အကြုံမရှိတဲ့ တံငါသည်မှ မဟုတ်ပဲလေ။ ဖြစ်နိုင်ဖွယ်ရှိတာက သူ့မှာ အကောင်းဆုံး ပိုက်တွေရှိမှာပဲ။ အကောင်းဆုံးလှေလည်း သူပိုင်မှာပါပဲ။ ပြီးတော့ ဘယ်နေရာမှာ ပိုက်ကွန်ချပြီး ငါးဖမ်းရမယ်ဆိုတာ သူသေချာ သိပါတယ်။ အရင်ကတည်းက သူဟာ ညလုံးပေါက် ငါးဖမ်းလေ့ရှိခဲ့တာပါ။ သူ့ရဲ့ကျွမ်းကျင်မှုကြောင့် ၀င်ငွေလည်းဖြောင့်ခဲ့တယ်။ ဒါပေမဲ့ ဒီနေရာမှာ ပေတရုဟာ ဒုက္ခနှင့်ကြုံတွေ့လာပါတယ်။ ဒီနေ့ခေတ် နာမည်ကြီး အဆိုတော်၊ သရုပ်ဆောင်တွေတောင် အဲသလိုခက်ခဲမှုတွေကို ရင်ဆိုင်ရတာပဲ မဟုတ်လား။
အချစ်စစ်ကို ဆန်းစစ်နည်း(၈)မျိုး
April 30th, 2011
T E Pau
“မာသနဲ့ကျွန်တော်ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြပါ တယ်။ သူ့ကိုလည်း ကျွန်တော် လက်ထပ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အချစ်ဟာ အချစ်စစ်၊ အချစ်မှန်မျိုး ဟုတ်ပါ့မလားဆိုတာ သိချင်ပါတယ်။ ကျွန်တော်တို့ရဲ့ချစ်ခြင်းဟာ အချစ်စစ်၊ အချစ်မှန်ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ”
လူငယ်တွေက အဲဒီလိုမျိုးစာတွေနဲ့ မကြာမကြာ လာမေးတတ်ပါ တယ်။ အဲဒီမေးခွန်းကို နားလည်နိုင်ဖို့ အတွက်၊ အချစ်ကို ခွဲခြမ်း စိတ်ဖြာနိုင်ဖို့ ဆန်းစစ်နည်း (၈)နည်း ကိုပေးထားပါတယ်။
စိတ်ဖိစီးမှုကို ဘယ်လိုအောင်မြင်နိုင်မလဲ။
March 16th, 2011
T E Pau
စကားချီး
ယနေ့အခါတွင် စာအုပ်အတော်များများက ဘဝမြင့်တင်ရေးအကြောင်း များကို ရေးဖွဲ့သီကုံးတတ်ပါတယ်။ လူတိုင်းဟာလည်း ပိုပြီးကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ပြောင်းလဲ လိုကြပါတယ်။ ယနေ့ခေတ် အမေရိကန်သားတွေဆို ရင် သူတို့ရဲ့ ပြဿနာများကို ဖြေရှင်းနိုင်ဖို့ ကြိုးစားအဖြေရှာရင်း ပိုက်ဆံသန်း ပေါင်းများစွာကို အသုံးပြုကြတယ်။ တစ်နေရာမှ တစ်နေရာသို့သွားပြီး ခက်ခဲ သော ဘဝပြဿနာများ၊ မေးခွန်းများကို ဖြေရှင်းနိုင်တဲ့ အဖြေကို ရှာဖွေနေကြ ပါတယ်။
အချစ်နှောင်ကြိုး နှင့်လူငယ်ပြသနာ (အချစ်)
March 14th, 2011
T E Pau
Bruce and Carol Britten တို့ရေးတဲ့ Love and Marriage စာအုပ်ကို အချစ်နှောင်ကြိုး ဆိုပြီး ကျွန်တော် ဘာသာပြန်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး လုံးချင်း ဘာသာပြန် စာအုပ် ဖြစ် သလို ခရစ်ယာန်စာပေအမှုတော်ထဲကို ပို့ဆောင်ပေးတဲ့ စာအုပ် လို့လဲ ဆိုချင်ပါတယ်။လူငယ်များထံမှ အားပေးမှုများစွာရတဲ့အတွက် ကျွန်တော် ပီတိ ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ကို အခြေပြုပြီး လူငယ်သင်တန်းတွေ မှာ ခေါ်ဖိတ်တဲ့ အသင်းတော်၊လူငယ်အဖွဲ့များကိုလည်း ကျေါ်ဇူးတင်ပါ တယ်။ စာအုပ် ကို ပြန်လည်ထုတ်ဝေဖို့ပြင်ဆင်ဆုတောင်းနေဆဲဖြစ် ပါတယ်။ စာအုပ်မရတဲ့လူတွေ အတွက် ဒီစာမျက်နှာကနေ အပိုင်းလိုက် ပြန်လည်ဖေါ်ပြပေး ပါတယ်။ခွန်အားရလျက် လူငယ်ဘ၀ ကောင်းကောင်းလျှောက်နိုင်ကြပါစေ။
RickWarren ရဲ့စာအုပ် ဘာသာပြန်
March 14th, 2011
T E Pau နာကျင်မှုနှင့်ဘ၀ရဲ့အဖြေ
နာမည်ကြီး ခရစ်ယာန် အသင်းအုပ်ဆရာ နှင့် စာရေးဆရာ ဖြစ်သူ Rick Warren ရဲ့ Answers to Life’s Toughest Questions ဆို တဲ့စာအုပ် ကျွန်တော့် ဘာသာပြန်မူ ကို စာဖတ်သူများ ခွန်အား ယူနိုင်ဖို့ အပိုင်းလိုက်၊ အခန်းလိုက် တင်ထားပေးပါတယ်။ ကျွှန်တော့်ဘ၀ ကိုအားပေးတဲ့ စာအုပ်ပါ။၂၀၀၈ ခုနှစ် မှာ အိပ်မက်သစ်မီဒီယာကနေ နှစ်ကြိမ်ထုတ်ဝေခဲ့ပြီး စာဖတ်သူများ ဆီမှ ခွန်အားရတဲ့ အကြောင်းရေးသားကြတဲ့အတွက် ဘာသာပြန်ရကျိုး နပ်ပါပြီလို့ ခံယူမိပါတယ်၊ စာအုပ်မရ တဲ့ သူတွေ အတွက် ဒီစာမျက်နှာ ကနေ ဘုရားသခင် ရဲ့အားပေးစကားတွေ ကြားနိုင်ဖို့မျှော်လင့်ပါ တယ်။
တီအီးပေါင် ထံမှ နှုတ်ခွန်းဆက်
July 17th, 2010
T E Pau မင်္ဂလာပါ..
ကျွန်တော့်ရဲ့ဆိုဒ်ကို အခုမှ စမ်းသပ်တုန်း ဖြစ်တဲ့အတွက်. .စောင့်နေပေးပါရန် အလေးအနက် မေတ္တာရပ်ခံပါရစေ။
နောက်နောင်တွေမှာ စာမူကောင်းလေးတွေ၊ အတွေးကောင်းလေးတွေကြိုးစား တင်ပေးပါ့မယ်
ကြိုးစားလျက်
သင်တို့၏
တီအီးပေါင်
ဘုတ်ငှက်တို့၏ ပျံခြင်း၊ မပြန်ခြင်းကိစ္စ
December 18th, 2009
T E Pau
လွန်ခဲ့တဲ့ တစ်နှစ်ကျော်တုန်းက သူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကို မဂ္ဂဇင်းတစ်စောင် လက်ဆောင်လာပေးပါတယ်။ ပန်းချီဆရာ ဆလိုင်းမိုးယဉ်သဲရာရဲ့ ပုံကို မျက်နှာဖုံးအဖြစ် သုံးထားတာတွေ့ရတော့ ပိုပြီး စိတ်ဝင်စားမိပါတယ်။ နောက်တစ်ဆင့် ကြည့်လိုက်တော့ ချင်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ (ဗဟို) နှစ်ပတ်လည်မဂ္ဂဇင်းလို့ ရေးထားတယ်။ ၀မ်းသာအားရနှင့် အဲဒီမဂ္ဂဇင်းကို ကျွန်တော် သေချာ ဖတ်လိုက်ပါတယ်။ ချင်းလူကြီး၊ လူငယ်အစုံက ကလောင်ကိုင်ပြီး ချင်းလူမျိုးအရေး ရေးထားတဲ့စာတွေ ဖတ်ရတာ ရင်ထဲ ကြည်နူးရပါတယ်။
Mingalarba!
March 7th, 2009
admin 




