Archive for March, 2011

စိတ်ဖိစီးမှုကို ဘယ်လိုအောင်မြင်နိုင်မလဲ။

စကားချီး ယနေ့အခါတွင် စာအုပ်အတော်များများက ဘဝမြင့်တင်ရေးအကြောင်း များကို ရေးဖွဲ့သီကုံးတတ်ပါတယ်။ လူတိုင်းဟာလည်း ပိုပြီးကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ပြောင်းလဲ လိုကြပါတယ်။  ယနေ့ခေတ် အမေရိကန်သားတွေဆို ရင် သူတို့ရဲ့ ပြဿနာများကို ဖြေရှင်းနိုင်ဖို့ ကြိုးစားအဖြေရှာရင်း ပိုက်ဆံသန်း ပေါင်းများစွာကို အသုံးပြုကြတယ်။ တစ်နေရာမှ တစ်နေရာသို့သွားပြီး ခက်ခဲ သော ဘဝပြဿနာများ၊ မေးခွန်းများကို ဖြေရှင်းနိုင်တဲ့ အဖြေကို ရှာဖွေနေကြ ပါတယ်။

အချစ်နှောင်ကြိုး နှင့်လူငယ်ပြသနာ (အချစ်)

Bruce and Carol Britten တို့ရေးတဲ့ Love and Marriage စာအုပ်ကို အချစ်နှောင်ကြိုး ဆိုပြီး ကျွန်တော် ဘာသာပြန်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ ပထမဆုံး လုံးချင်း ဘာသာပြန် စာအုပ် ဖြစ် သလို ခရစ်ယာန်စာပေအမှုတော်ထဲကို ပို့ဆောင်ပေးတဲ့ စာအုပ် လို့လဲ ဆိုချင်ပါတယ်။လူငယ်များထံမှ အားပေးမှုများစွာရတဲ့အတွက် ကျွန်တော် ပီတိ ဖြစ်ခဲ့ပါတယ်။ ဒီစာအုပ်ကို အခြေပြုပြီး လူငယ်သင်တန်းတွေ မှာ ခေါ်ဖိတ်တဲ့ အသင်းတော်၊လူငယ်အဖွဲ့များကိုလည်း ကျေါ်ဇူးတင်ပါ တယ်။ စာအုပ် ကို ပြန်လည်ထုတ်ဝေဖို့ပြင်ဆင်ဆုတောင်းနေဆဲဖြစ် ပါတယ်။ စာအုပ်မရတဲ့လူတွေ အတွက် ဒီစာမျက်နှာကနေ အပိုင်းလိုက် ပြန်လည်ဖေါ်ပြပေး ပါတယ်။ခွန်အားရလျက် လူငယ်ဘ၀ ကောင်းကောင်းလျှောက်နိုင်ကြပါစေ။

RickWarren ရဲ့စာအုပ် ဘာသာပြန်

နာကျင်မှုနှင့်ဘ၀ရဲ့အဖြေ နာမည်ကြီး ခရစ်ယာန် အသင်းအုပ်ဆရာ နှင့် စာရေးဆရာ ဖြစ်သူ  Rick Warren ရဲ့   Answers to Life’s Toughest Questions  ဆို တဲ့စာအုပ် ကျွန်တော့် ဘာသာပြန်မူ ကို စာဖတ်သူများ ခွန်အား ယူနိုင်ဖို့ အပိုင်းလိုက်၊ အခန်းလိုက်  တင်ထားပေးပါတယ်။ ကျွှန်တော့်ဘ၀ ကိုအားပေးတဲ့ စာအုပ်ပါ။၂၀၀၈ ခုနှစ် မှာ အိပ်မက်သစ်မီဒီယာကနေ  နှစ်ကြိမ်ထုတ်ဝေခဲ့ပြီး စာဖတ်သူများ ဆီမှ ခွန်အားရတဲ့ အကြောင်းရေးသားကြတဲ့အတွက် ဘာသာပြန်ရကျိုး နပ်ပါပြီလို့ ခံယူမိပါတယ်၊ စာအုပ်မရ တဲ့ သူတွေ အတွက် ဒီစာမျက်နှာ ကနေ ဘုရားသခင် ရဲ့အားပေးစကားတွေ ကြားနိုင်ဖို့မျှော်လင့်ပါ တယ်။