Archive for April, 2011

ရှုံးနိမ့်ခြင်းမှ ဘယ်သို့အောင်မြင်နိုင်မလဲ

ရှုံးနိမ့်ခြင်းဟာ အောင်မြင်ဖို့ အတွက် ခြေတစ်လှမ်း ဖြစ်တတ်ပါ တယ်။ လုကာ ၅း၁- ၁၁ မှာ ပေတရုရဲ့အသက်တာမှာ ဒီမှန်ကန်မှုကိုတွေ့မြင်ရပါ တယ်။ အဲဒီမှာ ပေတရုနှင့် သူ့အပေါင်းအဖော်တွေဟာ တစ်ညလုံး ငါးဖမ်းကြတယ်။ ဒါပေမဲ့ တကောင်တလေမျှ မဖမ်းရရှာပါဘူး။ ပေတရုလို ကျွမ်းကျင်တံငါသည် တစ်ဦးအဖို့ ဒီလို ငါးမဖမ်းရပဲ နေတယ်ဆို တာ ဖြစ်ခဲတဲ့ကိစ္စပါပဲ။ အတွေ့အကြုံမရှိတဲ့ တံငါသည်မှ မဟုတ်ပဲလေ။ ဖြစ်နိုင်ဖွယ်ရှိတာက သူ့မှာ အကောင်းဆုံး ပိုက်တွေရှိမှာပဲ။ အကောင်းဆုံးလှေလည်း  သူပိုင်မှာပါပဲ။ ပြီးတော့ ဘယ်နေရာမှာ ပိုက်ကွန်ချပြီး ငါးဖမ်းရမယ်ဆိုတာ သူသေချာ သိပါတယ်။ အရင်ကတည်းက သူဟာ ညလုံးပေါက် ငါးဖမ်းလေ့ရှိခဲ့တာပါ။ သူ့ရဲ့ကျွမ်းကျင်မှုကြောင့် ၀င်ငွေလည်းဖြောင့်ခဲ့တယ်။ ဒါပေမဲ့ ဒီနေရာမှာ ပေတရုဟာ ဒုက္ခနှင့်ကြုံတွေ့လာပါတယ်။ ဒီနေ့ခေတ် [...]

အချစ်စစ်ကို ဆန်းစစ်နည်း(၈)မျိုး

“မာသနဲ့ကျွန်တော်ဟာ တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြပါ တယ်။ သူ့ကိုလည်း ကျွန်တော် လက်ထပ်ချင်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အချစ်ဟာ အချစ်စစ်၊ အချစ်မှန်မျိုး ဟုတ်ပါ့မလားဆိုတာ သိချင်ပါတယ်။ ကျွန်တော်တို့ရဲ့ချစ်ခြင်းဟာ အချစ်စစ်၊ အချစ်မှန်ဟုတ်မဟုတ် ဘယ်လိုသိနိုင်မလဲ” လူငယ်တွေက အဲဒီလိုမျိုးစာတွေနဲ့ မကြာမကြာ လာမေးတတ်ပါ တယ်။ အဲဒီမေးခွန်းကို နားလည်နိုင်ဖို့ အတွက်၊ အချစ်ကို ခွဲခြမ်း စိတ်ဖြာနိုင်ဖို့ ဆန်းစစ်နည်း (၈)နည်း ကိုပေးထားပါတယ်။