ရှုံးနိမ့်ခြင်းဟာ အောင်မြင်ဖို့ အတွက် ခြေတစ်လှမ်း ဖြစ်တတ်ပါ တယ်။ လုကာ ၅း၁- ၁၁ မှာ ပေတရုရဲ့အသက်တာမှာ ဒီမှန်ကန်မှုကိုတွေ့မြင်ရပါ တယ်။ အဲဒီမှာ ပေတရုနှင့် သူ့အပေါင်းအဖော်တွေဟာ တစ်ညလုံး ငါးဖမ်းကြတယ်။ ဒါပေမဲ့ တကောင်တလေမျှ မဖမ်းရရှာပါဘူး။ ပေတရုလို ကျွမ်းကျင်တံငါသည် တစ်ဦးအဖို့ ဒီလို ငါးမဖမ်းရပဲ နေတယ်ဆို တာ ဖြစ်ခဲတဲ့ကိစ္စပါပဲ။ အတွေ့အကြုံမရှိတဲ့ တံငါသည်မှ မဟုတ်ပဲလေ။ ဖြစ်နိုင်ဖွယ်ရှိတာက သူ့မှာ အကောင်းဆုံး ပိုက်တွေရှိမှာပဲ။ အကောင်းဆုံးလှေလည်း သူပိုင်မှာပါပဲ။ ပြီးတော့ ဘယ်နေရာမှာ ပိုက်ကွန်ချပြီး ငါးဖမ်းရမယ်ဆိုတာ သူသေချာ သိပါတယ်။ အရင်ကတည်းက သူဟာ ညလုံးပေါက် ငါးဖမ်းလေ့ရှိခဲ့တာပါ။ သူ့ရဲ့ကျွမ်းကျင်မှုကြောင့် ၀င်ငွေလည်းဖြောင့်ခဲ့တယ်။ ဒါပေမဲ့ ဒီနေရာမှာ ပေတရုဟာ ဒုက္ခနှင့်ကြုံတွေ့လာပါတယ်။ ဒီနေ့ခေတ် [...]
Archive for the ‘နာကျင်မှု နှင့်ဘ၀ရဲ့အဖြေ’ Category
စိတ်ဖိစီးမှုကို ဘယ်လိုအောင်မြင်နိုင်မလဲ။
March 16th, 2011
T E Pau စကားချီး ယနေ့အခါတွင် စာအုပ်အတော်များများက ဘဝမြင့်တင်ရေးအကြောင်း များကို ရေးဖွဲ့သီကုံးတတ်ပါတယ်။ လူတိုင်းဟာလည်း ပိုပြီးကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ပြောင်းလဲ လိုကြပါတယ်။ ယနေ့ခေတ် အမေရိကန်သားတွေဆို ရင် သူတို့ရဲ့ ပြဿနာများကို ဖြေရှင်းနိုင်ဖို့ ကြိုးစားအဖြေရှာရင်း ပိုက်ဆံသန်း ပေါင်းများစွာကို အသုံးပြုကြတယ်။ တစ်နေရာမှ တစ်နေရာသို့သွားပြီး ခက်ခဲ သော ဘဝပြဿနာများ၊ မေးခွန်းများကို ဖြေရှင်းနိုင်တဲ့ အဖြေကို ရှာဖွေနေကြ ပါတယ်။
RickWarren ရဲ့စာအုပ် ဘာသာပြန်
March 14th, 2011
T E Pau နာကျင်မှုနှင့်ဘ၀ရဲ့အဖြေ နာမည်ကြီး ခရစ်ယာန် အသင်းအုပ်ဆရာ နှင့် စာရေးဆရာ ဖြစ်သူ Rick Warren ရဲ့ Answers to Life’s Toughest Questions ဆို တဲ့စာအုပ် ကျွန်တော့် ဘာသာပြန်မူ ကို စာဖတ်သူများ ခွန်အား ယူနိုင်ဖို့ အပိုင်းလိုက်၊ အခန်းလိုက် တင်ထားပေးပါတယ်။ ကျွှန်တော့်ဘ၀ ကိုအားပေးတဲ့ စာအုပ်ပါ။၂၀၀၈ ခုနှစ် မှာ အိပ်မက်သစ်မီဒီယာကနေ နှစ်ကြိမ်ထုတ်ဝေခဲ့ပြီး စာဖတ်သူများ ဆီမှ ခွန်အားရတဲ့ အကြောင်းရေးသားကြတဲ့အတွက် ဘာသာပြန်ရကျိုး နပ်ပါပြီလို့ ခံယူမိပါတယ်၊ စာအုပ်မရ တဲ့ သူတွေ အတွက် ဒီစာမျက်နှာ ကနေ ဘုရားသခင် ရဲ့အားပေးစကားတွေ ကြားနိုင်ဖို့မျှော်လင့်ပါ တယ်။




Posted in

